Recent Comments
Friday, August 14, 2015
ဘာသာတရား ကိုင်းရိုင်းသော စက်ရုပ်များ ပေါ်လာတော့မည်လော
7:02:00 AM
စက်ရုပ်များတွင် ထည့်သွင်းထားသည့် ကွန်ပျူတာ ဥာဏ်ရည်တွင် ဘာသာတရား ကိုင်းရှိုင်းစေသည့် ဆော့ဖ်ဝဲမျိုး ထည့်သွင်းပြီး စက်ရုပ်များ ဘာသာရေး ရိုသေကိုင်းရှိုင်းအောင် လုပ်ဆောင်လို့ ရနိုင်ကြောင်း ကိုယ်ကျင့်တရားနှင့် ဆန်းသစ်စ နည်းပညာများ အင်စတီကျူးမှ ပညာရှင် ဂျွန်မက်ဆာလီက ပြောဆိုခဲ့သည်။
          ဘာသာတရား ရိုသေ ကိုင်းရိုင်းသော စက်ရုပ် တစ်ရုပ်သည် အဆိုးဆုံးလည်း ဖြစ်နိုင်သလို အကောင်းဆုံးလည်း ဖြစ်နိုင်ကြောင်း မောမွန် လူသားလွန် အဖွဲ့၏ အကြီးအကဲ လင်ကင်းကာနွန်က ပြောဆိုခဲ့သည်။
          ဘာသာရေး ဆိုသည်မှာ စွမ်းအား ကြီးသောကြောင့် ယင်းကို အကောင်းအတွက် အသုံးချနိုင်သလို အဆိုးအတွက်လည်း အသုံးချနိုင်သောကြောင့် စက်ရုပ်များသည် မေတ္တာတရား ကြီးမားနိုင်သလို ရက်စက် ကြမ်းကြုတ်မှုလည်း ရှိလာနိုင်ကြောင်း မက်ဆာလီက ပြောသည်။
          စိုးရိမ်စရာ ရှိသည်မှာ ကွန်ပျူတာ ဥာဏ်ရည်သည် အဆင့် မြင့်သထက် မြင့်လာပြီး နောက်ဆုံးတွင် ၄င်းတို့၏ ရပ်တည်ချက် အတွက် ၄င်းတို့ဖာသာ ရွေးချယ်လာနိုင်ကြောင်း၊ ယင်းကဲ့သို့ ရွေးချယ်နိုင်ပြီ ဆိုပါက ကမ္ဘာပျက်ဖို့ နီးပြီဟု ဆိုနိုင်ကြောင်း ဆွီဒင် အတွေးအခေါ် ပညာရှင် နစ်ခ်ဘော့စရွမ်က ပြောဆိုခဲ့သည်။
          ထို့ပြင် စက်ရုပ်များတွင် အစွန်းရောက်သော ဘာသာရေး အမြင်များကို ထည့်သွင်း ပေးလိုက်ပါကလည်း ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် ပဋိပက္ခများ အရှိန်ပို မြင့်သွားနိုင်ကြောင်း ခရစ်ယာန် ဘာသာတရား ဆိုင်ရာ ကျွမ်းကျင်သူ ဂျိမ်းစ်မက်ဂ ရက်သ်က ပြောဆိုခဲ့သည်။
Source : MD
http://www.messengernewsjournal.com/General/Eventure/detail.php?id=42683 
0 comments
Total Pageviews
Arsip Blog