လူတစ်ယောက် နေ့စဉ် ကျန်းမာစွာ လှုပ်ရှားသွားလာပြီး ပုံမှန်အလုပ်လုပ်နိုင်ဖို့ အိပ်ရေး၀၀ အိပ်စက်ခွင့် ရဖို့ လိုအပ်ပါတယ်။ ညတိုင်း နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့ ရှောင်ကြဉ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါ တယ်။
၁။ အီးဘွတ်ခ်နှင့် စမတ်ဖုန်းများ မသုံးပါနှင့်
အိပ်ရာမ၀င်ခင် အီလက်ထရွန်နစ် ပစ္စည်းတွေကို မသုံးသင့်ပါဘူး။ မအိပ်ခင် တီဗီကြည့်တာဟာ မှားယွင်းပါ တယ်။ အိပ်ရာမ၀င်ခင်မှာ သင့်ဦးနှောက်ကို အနားပေးထားမှသာ ကောင်းကောင်း အိပ်ပျော်မှာ ဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီး ဖုန်းပြောတာကို ရှောင်ကြဉ်သင့်ပါတယ်။ မအိပ်ခင်မှာ သင့်အနားမှာ အလင်းရောင်ထွက်တဲ့ ပစ္စည်းတွေ မထားဖို့လည်း လိုအပ်ပါတယ်။ ဂက်ဂျက်ပစ္စည်းတွေက လာတဲ့ အလင်းရောင်ဟာ အိပ်စက်ဖို့ အကူ အညီပေးတဲ့ မီလာတိုနင်ဟိုမုန်းကို အားနည်းစေပါတယ်။ အိပ်ရာထဲမှာ အိုင်ပက် ဒါမှ မဟုတ် ကွန်ပျူတာ မသုံး ဘဲ မနေနိုင်ဘူးဆိုရင်ဆတော့ သူ့မျက်နှာနဲ့ အသုံးပြုနေတဲ့ ဖန်သားပြင်ကို ၁၄ လက်မလောက် ခွာပြီး အသုံးပြုသင့်ပါတယ်။
၂။ ကော်ဖီမသောက်ပါနှင့်
ကော်ဖီတစ်ခွက်မှာ ကဖိန်းဓါတ် ၈၀ ကနေ ၁၂၀ မီလီဂရမ်လောက်ထိ ပါဝင်ပါတယ်။ ကော်ဖီနဲ့ ကဖိန်းပါတဲ့ အချိုရည်တွေဟာ လူကို နိုးနိုးကြားကြားဖြစ်စေပါတယ်။ မနက်ခင်းမှာ ကော်ဖီသောက်တာဟာ လန်းလန်း ဆန်းဆန်းနဲ့ အလုပ်လုပ်နိုင်ဖို့ အကူအညီဖြစ်ပေမယ့် အိပ်ခါနီးကော်ဖီသောက်ရင်တော့ အိပ်မပျော်တဲ့ ရောဂါ ရတတ်ပါတယ်။ ကဖိန်းဓါတ်ကြောင့် နိုးကြားမှုနေမှုဟာ ခန္ဓာကိုယ်ထဲမှာ ၁၀ နာရီကျော်ကျော်လောက် လည် ပတ်နိုင်စွမ်း ရှိပါတယ်။ ကော်ဖီမသောက်ပဲ မနေနိုင်ရင်တော့ ကဖိန်းဓါတ် ၂၀ မီလီဂရမ်လောက်ပဲပါတဲ့ ကော်ဖီ မျိုးကို ရွေးချယ်သင့်ပါတယ်။ အိပ်ခါနီး လက်ဖက်ရည်သောက်တာဟာလည်း မလုပ်သင့်တဲ့ အလုပ်ဖြစ်ပါတယ်။
၃။ ချောကလက်ကို ရှောင်ပါ
ချောကလက်မှာလည်း ကဖိန်းဓါတ် ပါဝင်ပါတယ်။ ချောကလက်ရဲ့အရောင် ပိုပြီးရင့်လေ ကဖိန်းဓါတ်များလေ ဖြစ်ပါတယ်။ ညအိပ်ခါနီး ချောကလက်မစားသင့်ပါဘူး။ နို့ချောကလက်တွေဟာလည်း အိပ်စက်ခြင်းကို တားဆီး တဲ့အရာ ဖြစ်ပါတယ်။ နို့ချောကလက်မှာ ကဖိန်းဓါတ် ၁၀ မီလီဂရမ်လောက် ပါရှိပြီး အရောင်ရင့်တဲ့ ချောကလက်တွေမှာတော့ ၃၂ မီလီဂရမ်လောက် ပါဝင်ပါတယ်။ ချောကလက်မှာ အိပ်မပျော်တဲ့ရောဂါနဲ့ နှလုံးခုန်နူန်းကို မြန်စေတဲ့ သီအိုဘရိုမိုင်းဓါတ် ပါရှိပါတယ်။
၎။ အရက်သေစာ ရှောင်ပါ။
အရက်သေစာသောက်သုံးခြင်းက သွေးလည်ပတ်ကို မြန်ဆန်စေပြီး ဦးနှောက်ကို သွေးတွေ မြန်မြန်ဆန်ဆန် စီးသွားတဲ့အတွက် သက်သောင့်သက်သာဖြစ်မှုနဲ့ မူးဝေခြင်းကို မိနစ်အနည်းငယ်အတွင်း ခံစားရစေပါတယ်။ အရက်ထဲမှာ အယ်လ်ကိုဟောဓါတ်ကို ဖယ်ရှားဖို့ ခန္ဓာကိုယ်က တညလုံးအလုပ်လုပ်နေရလို့ ကောင်းကောင်း အိပ်မပျော်နိုင်ဖြစ်တတ်ပါတယ်။ အရက်ထဲမှာပါတဲ့ အယ်လ်ကိုဟောဟာ ခန္ဓာကိုယ်တွင်းမှာ ရေဓါတ် ခန်းခြောက်စေပြီး ရေဆာမှုနဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့်မို့ အိပ်ခါနီး အရက်သေစာ သောက်သုံးမှုကို ရှောင်ကြဉ်သင့်ပြီး မနေနိုင်ဘူးဆိုရင်တော့ ညစာစားအပြီးမှာ ၀ိုင်တစ်ခွက်လောက် သောက်သင့်ပါတယ်။
၅။ အဆီအဆိမ့်များတဲ့အစားအစာတွေ ရှောင်ပါ
ညအိပ်ခါနီးမှာ အဆီအဆိမ့်နဲ့ အဆီများတဲ့ အစားအသောက်တွေ မစားသင့်ပါဘူး။ အစာအိမ်ဟာ ကိုယ်တွင်းမှာ ရှိတဲ့အစာကို ချေဖျက်ဖို့ ၂ နာရီလောက် အချိန်ယူရပါတယ်။ တကယ်လို့ အဆီအဆိမ့်တွေသာ စားခဲ့မယ်ဆိုရင် အိပ်စက်ချိန်မှာ အစာအိမ်က မနားမနေ တညလုံး အလုပ်လုပ်နေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ အိပ်ခါနီးမှာ နွားနို့တစ်ခွက်လောက်ပဲ သောက်သင့်ပါတယ်။ အရမ်းဗိုက်ဆာနေမယ်ဆိုရင်တော့ သစ်သီးတစ်လုံးလောက်ပဲ စားသင့်ပါတယ်။အိပ်ခါနီး အစားများများစားတာဟာ အိပ်မပျော်တာမျိုး ဖြစ်စေသလို ခန္ဓာကိုယ်ကိုလည်း ၀ိတ် တက်စေပါတယ်။ ညအိပ်ခါနီး အကြော်အလှော်တွေစားတာဟာလည်း မလုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။
၆။ ဆေးလိပ်မသောက်ပါနဲ့
ညအိပ်ခါနီး ဆေးလိပ်သောက်တာဟာလည်း မလုပ်သင့်တဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ တချို့ကတော့ ညနေခင်းမှာ ဆေးလိပ်တစ်လိပ်၊ နှစ်လိပ်လောက် သောက်တာက သက်သောင့်သက်သာနဲ့ အိပ်မောကျစေမယ်လို့ အထင်အမြင်မှားနေကြပါတယ်။ ဆေးလိပ်မှာပါတဲ့ နစ်ကိုတင်းဟာ လူကို နိုးကြားစေတာမို့ အိပ်စက်ခြင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ ဆေးလိပ်သောက်တာများလေလေ၊ အိပ်မပျော်နိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။ ညဘက်အိပ်ရေး၀၀ အိပ်ချင်ရင်တော့ ဆေးလိပ်ကို ရှောင်ကြဉ်သင့်ပြီး လိုအပ်လာရင်တော့ ဆရာဝန်ရဲ့ အကူအညီနဲ့ ဆေးလိပ်ဖြတ်ဖို့အထိ ကြိုးစားရမှာ ဖြစ်ပါတယ်။
Ref – Ladiestalk
http://www.planet.com.mm/detail/28443/World
Friday, August 14, 2015
What's Related?
Subscribe to:
Post Comments (Atom)
Total Pageviews
Arsip Blog
-
▼
2015
(59)
-
▼
August
(44)
- ကမ္ဘာ့လိင်တံအရှည်ဆုံးအမျိုးသားက အမျိုးသမီးတွေဟာ သူန...
- လိင်အင်္ဂါကြီးချင်သူ အမျိုးသားများဖတ်ရန်(ကျန်းမာရေးအ...
- တစ်ကြိမ်တည်းလုပ်မိတာလည်း အန္တရာယ်ပါ၊ HIV/AIDS ကို ဘ...
- လိင်ကိစ္စမေ့ထားတာက လင်မယား ၂ ယောက်ပျော်ရွှင်ရခြင်းရဲ...
- "အိမ်ထောင်ရေးသုခ အပြည့်အ၀ ခံစားနိုင်ရန်
- ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ်
- အမျိုးသမီးများအတွက်အာဟာရ
- အမျိုးသမီးများ၏ ကြံ့ခိုင်မှုအင်အားကို ပြမည့် ကိုယ်လ...
- ပထမဆုံးအကြိမ် လွဲမှားသော လိင်ဆက်ဆံမှု မဖြစ်စေဖို့
- Stroke ဦးနှောက်သွေးကြော ဖောင်းပြီးပေါက်ခြင်း
- ကာလသားရောဂါ နဲ့ အမျိုးသမီးများ
- အမျိုးသမီးပြီးခြင်း (ဆေးပညာအမြင်ဖြင့် သာဖတ်ပါရန် +18)
- အင်္ဂါသေးနေတယ်ထင်တဲ့ ယောင်္ကျားလေးများ ဖတ်ရန်(+၁၈)
- အရေပြား ကင်ဆာရှိမရှိ ဘယ်လို စစ်ဆေးမလဲ
- ကိုယ်ဝန်ဆောင်ချိန်မှာ ခြေထောက် ဖောရောင်မှုမရှိစေရန်
- အမျိုးသမီးများ သိထားသင့်တဲ့ ရာသီလာခြင်းအကြောင်း
- ဆေးထိုးခါနီး အသက်အောင့်ထားခြင်းဟာ နာကျင်မှု သက်သာစေ...
- ကြွက်နို့ တွေ အတွက် သဘာဝ နည်းလမ်း ကောင်းများ
- HIV ပိုးရှိသူများ စောစီးစွာကုသမှုခံယူခြင်းက အကျိုးရ...
- အဆီပါသော အစားအစာများက ဦးနှောက်ကို ပျက်စီးစေနိုင်
- အမျိုးသမီးများ အိပ်မပျော်ရခြင်း အကြောင်းရင်းများ
- အမျိုးသမီးများ ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှု...
- မျက်နှာ ပေါ်က ချွေးပေါက်တွေ ဘာကြောင့် ကျယ်
- ကျန်းမာရေး၊ ပညာရေးနဲ့ အိမ်ထောင်ရေးအခြေအနေတွေဟာ မွေ...
- ကွန်ဒုံးသုံးကြပါဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်နင်...
- ကျန်းမာရေး၊ ပညာရေးနဲ့ အိမ်ထောင်ရေးအခြေအနေတွေဟာ မွေ...
- ကိုယ့်ဘ၀ကို မကျေနပ်ဘဲ သဘာဝထက်ကျော်လွန်ချင်သူများ အ...
- ကော်ဖီသောက်သုံးခြင်းဟာ အူမကြီးကင်ဆာအား သက်သာပျောက်...
- လင်မယားစုံတွဲများသားသမီးယူရာတွင် ယောင်္ကျားလေးသာရစေနည်း
- မိန်းကလေးများ သားမြတ်(ရင်သား) ၏ အံ့ဖွယ်ရာများ
- လိင်မှုကျန်းမာရေးဆိုင်ရာ အမေးအဖြေများ(၁) (Only +18)
- ယောင်္ကျားလေးတွေ ကြောက်တဲ့ ပန်းသေပန်းညှိုးရောဂါ( ကျန...
- ဓမ္မတာဖြစ်စဉ် ချစ်တင်းနှောခြင်း(+၁၈)
- သိထားသင့်တဲ့ လိင်နှင့် ကျန်းမာရေး(+18)
- ကျန်းမာရေးအတွက် သိထားသင့်သည့်လေဖြတ်မည့် ရှေ့ပြေးလက...
- ဆက်ဆံရာမှာ အပြီးမြန်တဲ့ ယောင်္ကျားလေးများဖတ်ရန်(ဆေးစာ)
- ရေခဲမုန့်ကျွေးမယ်ဆိုပြီး မဲဆွယ်ခဲ့တဲ့ ကမ္ဘာ့အသက်အငယ...
- အိပ်ရာမ၀င်ခင် ရှောင်ကြဉ်သင့်တဲ့ အချက်များ
- တစ်မိုင်ခန့် အကွာမှ ပစ်ခတ်လိုက်ရုံဖြင့် ကုန်ကားကို...
- ဘာသာတရား ကိုင်းရိုင်းသော စက်ရုပ်များ ပေါ်လာတော့မည်လော
- မိန်းကလေးများ သဘာဝနည်းဖြင့် ရင်သားဖွံ့ဖြိုးစေမည့်န...
- ရင်သား အစားထိုး ခွဲစိတ်ထားသော အမျိုးသမီးများ သတ်သေ...
- အရေပြားပေါ် အဖုအပိန့် အနီကွက်ထခြင်းမှ ကင်းဝေးစေမယ့်...
- ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း ဆံပင်ဆေးဆိုးပါက သန္ဓေသ...
-
▼
August
(44)
0 comments