Recent Comments

Friday, August 21, 2015

ဆေးထိုးခါနီး အသက်အောင့်ထားခြင်းဟာ နာကျင်မှု သက်သာစေနိုင်

1:02:00 PM



သင်ဟာ နေမကောင်းလို့ ဆေးခန်းသွားတိုင်းဆေးထိုးခံရမှာ ကြောက်တဲ့ လူတစ်ယောက် ဖြစ်နေပါသလား။ အပ်မြင်တာနဲ့ တုန်လှုပ်မိနေပါသလား။

စပိန် သိပ္ပံပညာရှင်တွေက သင့်အတွက် အကောင်းဆုံး အဖြေ တစ်ခုကို ထုတ်ပေးလိုက်ပါတယ်။ အသက် အောင့်ထားလိုက်ပါတဲ့။

အသက်ကိုတစ်ချက်ခပ်ပြင်းပြင်း ရှုသွင်းပြီး အသက်အောင့်ထားလိုက်ရင် ဦးနှောက်ဟာ အာရုံကြောစနစ်ကို ထုံသွားစေပြီး သင့်ကိုလည်း နာကျင်မှုတွေ မခံစားရတော့ အောင် ဖန်တီးပေးနိုင်တယ်လို့ လေ့လာမှု တစ်ခုကဆိုပါတယ်။

လူတစ်ယောက်ဟာ စိတ်ဖိစီးလာတဲ့ အခါ မှာ သွေးဖိအား မြင့်လာပြီး ဦးနှောက်ကို သွေးတွေရောက်စေပါတယ်။ ဒါပေမယ့်လည်း လူတွေရဲ့ ခန္ဓာကိုယ်မှာ သွေးဖိအား ပြန်လည် နည်းသွားစေဖို့ နည်းလမ်းကောင်းရှိထားပါတယ်။

အဆုတ်ရဲ့ သွေးကြောတွေကိုသွားတဲ့ ဖိအားတိုင်းတာမှုတွေဟာ ဦးနှောက်ကို အသိပေးလိုက်ပါတယ်။ အဲဒီ အသိပေးမှုဟာ ဦးနှောက်ကို အာရုံကြောစနစ်တွေကို ထုံထိုင်းအောင်လုပ်ဆောင်စေဖို့ ဖြစ်လာပါတယ်။

စပိန်နိုင်ငံ Jaen တက္ကသိုလ် မှာရှိတဲ့ Dr Gustavo Reyes က လူ ၃၈ ယောက်ကို ၅ စက္ကန့်ခန့် အသက်အောင့်စေပြီး လက်သည်းတွေကို ညှပ်ကြည့်ခဲ့ပါတယ်။ နောက်တစ်ခေါက်မှာ တော့ အသက်ကို ဖြည်းဖြည်း ချင်းရှုပြီး ထပ်ညှပ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ အသက်အောင့်ထားချိန်ဟာ အသက်ရှုပြီး လက်သည်းညှပ်ခံရချိန်ထက် နာကျင်မှု ပိုသက်သာတာကိုတွေ့ခဲ့ရပါတယ်။

( Mario )

 #သစ်ထူးလွင်(ကျန်းမာရေး)

0 comments

Total Pageviews

Arsip Blog