Tuesday, September 1, 2015
အမဲသား ကင်နဲ့ ဆယ်လ်မွန်တို့ကို နေ့စဉ် စားသုံးခြင်းဟာ ဆေးလိပ်ဖြတ်လိုက်သလို ကောင်းကျိုးတွေ ရနိုင်
10:46:00 PM
အမဲသား ကင် နဲ့ ဆယ်လ်မွန် တွေ နေ့စဉ်စားသုံးခြင်းဟာ သင့်အတွက် ဆေးလိပ် ဖြတ်လိုက်သလို ကောင်းကျိုးတွေ ရရှိစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုလိုက်ပါတယ်။
ပရိုတိန်း ကြွယ်ဝတဲ့ အစားအစာ တွေကို များစွာ စားသုံးသူတွေဟာ သွေးဖိအား နည်းကျတာ ကိုတွေ့ရှိရပြီး ပိုမိုကျန်းမာရေး နဲ့ ညီညွတ်တဲ့ သွေးကြောတွေ ပိုင်ဆိုင် ထားကြတာ ကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် နှလုံး ရောဂါ နဲ့ အမောဖောက်မှု အန္တရာယ်တွေကို လျော့ကျ စေနိုင်ပါတယ်။
သိပ္ပံ ပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ အခုလို အမဲသားကင် နဲ့ ဆယ်လ်မွန် တို့စားခြင်းကနေ ကောင်းကျိုးတွေ ရရှိလာတာဟာ ပရိုတိန်း ကို တည်ဆောက်ပေးနိုင်တဲ့ အမိုင်နို အက်ဆစ် ကိုရရှိ စေတဲ့အတွက် ခန္ဓာကိုယ်တွင်းက ဆဲလ်တွေ ၊ တစ်သျှူးတွေ နဲ့ ကြွက်သားတွေကို သန်မာလာစေရန် အကူအညီ ပေးပါတယ်။
အမိုင်နို အက်ဆစ် ပမာဏ များစွာ ကို စားသုံးသူတွေဟာလည်း ဆေးလိပ်ဖြတ်လိုက်သလို ၊ ဆား သုံးစွဲမှု လျော့လိုက်သလို (သို့) လေ့ကျင့်ခန်းတွေ ပိုလုပ်လိုက်သလို ကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။
ထို သုတေသန မှာတော့ ဗြိတိန် အမျိုးသမီး အယောက် ၂၀၀၀ ကို အခြေခံပြီး ကျန်းမာရေး အချက်အလက် တွေ ရယူကာ လေ့လာခဲ့တယ်လို့ သိရပါတယ်။ အမိုင်နိုအက်ဆစ် ပုံစံ ၇ မျိုး နဲ့ ခွဲခြားပြီး အမျိုးသမီးတွေ စားသုံးတဲ့ အစားအစာတွေကို သုတေသီတွေက စစ်ဆေးခဲ့ကြပါတယ်။ အဲဒီအခါမှာတော့ အမိုင်နို အက်ဆစ် ပမာဏ များများစားသုံးခဲ့သူ အမျိုးသမီးတွေဟာ နှလုံးရောဂါ နဲ့ အမောဖောက်ခြင်းကို အဓိက ဖြစ်စေနိုင်တဲ့ သွေးဖိအား ပမာဏ ကို လျော့နည်းသွားစေသလို သွေးကြောတောင့်တင်းမှု ကို လည်း လျော့ကျသွားစေတယ်လို့ သုတေသီ တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
ဒါပေမယ့် အမိုင်နို အက်ဆစ် ပါဝင်မှု ဟာ အစားအသောက် ပေါ်မူတည်ပြီး မတူညီ တဲ့ ကောင်းကျိုးတွေ ရှိကြပါတယ်။ ပဲစေ့ ၊ ပဲနီ ၊ ပန်းမုန်လာ နဲ့ ဟင်းနုနွယ်တို့လို ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အမိုင်နို အက်ဆစ် တွေဟာ သွေးဖိအား ကို လျော့ကျစေနိုင်ပါတယ်။ အဲ့လိုပဲ နို့ထွက်ပစ္စည်း များ ၊ အသားများ နဲ့ ငါးများ မှာ ပါဝင်တဲ့ အမိုင်နို အက်ဆစ်ကတော့ သွေးကြောတောင့်တင်းမှု ပမာဏ တွေကို လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။
ထို လေ့လာမှုကိုတော့ Journal of Nutrition မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
( Mario )
#သစ်ထူးလွင်
What's Related?
Subscribe to:
Post Comments (Atom)
Total Pageviews
Arsip Blog
-
▼
2015
(59)
-
▼
September
(15)
- ကိုယ်ခံပညာ တတ်ကျွမ်းတဲ့ အမျိုးသမီးထံမှ ပစ္စည်းလုယူခ...
- အာဖရိကမှာ သန်းကြွယ်သူဌေး အများဆုံးနိုင်ငံ တောင်အာဖရိက
- ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး
- မြို့ပတ်အထူးတွဲပေါ်မှ စုံတွဲအချို့၏ မဖွယ်မရာ
- ကိုယ်ဝန် ပျက်ကျတော့မည့် လက္ခဏာများကို သိနားလည်စေရန်
- မိန်းမဦးရေ အလွန်များနေတာကြောင့် ယောင်္ကျားတစ်ယောက်မ...
- အမျိုးသားများအတွက် ကျားဟော်မုန်း မြင့်တက်လာစေမည့် ...
- ဒီလက္ခဏာ(၁၄)ရပ် ပြနေပြီဆိုရင် သင့်ကျောက်ကပ် ပျက်စီး...
- ရောဂါတွေပျောက်တဲ့အပြင် ကလေးပါရစေတဲ့ သဲရေချိုးကန်
- တစ်ရေးတစ်မော အိပ်စက်ခြင်းဟာ သွေးခုန်နှုန်းကျဆင်းခြင...
- ကျောက်ပွင့်က ထုတ်လုပ်တဲ့ ပဋိဇီဝဆေး တွေက MRSA ဆေးယဥ...
- အမဲသား ကင်နဲ့ ဆယ်လ်မွန်တို့ကို နေ့စဉ် စားသုံးခြင်း...
- ယောင်္ကျားလေးများသိချင်ကြသည့် အင်္ဂါကြီးခြင်း
- ယောင်္ကျားများရဲ့ အင်္ဂါ..အသက်ကြောင့် ဘာတွေပြောင်းလာလဲ
- ကျားအင်္ဂါ ကြီးစေခြင်း(ကျန်းမာရေးအမြင်နှင့်သာ ဖတ်ပါရန်)
-
▼
September
(15)
0 comments